Southampton 1-1 United ပွဲပြီးသုံးသပ်ချက်

Southampton 1-1 United ပွဲပြီးသုံးသပ်ချက်

ဒီတပါတ်စနေနေ့ရဲ့ အစောဆုံးသော ပရီးမီးယားလိပ်ဂ် ပွဲစဉ်ဖြစ်တဲ့ Saints နဲ့ United ပွဲမှာ ဆိုရင်တော့
ယူနိုက်တက် အသင်းဟာ သရေရလဒ်နဲ့ သာ ကျေနပ်ခဲ့ရပါတယ်
တစ်ယောက်ထွက် Southamptonအသင်းကို
သရေရလဒ်သာ ပုံဖော် နိုင်ခဲ့ခြင်းဟာ ယူနိုက်တက်အသင်းအတွက် မေးခွန်းထုတ်စရာပါ


နောက်တန်းကနေ စပြီးတော့ ပြောပါမယ်

ပြီးခဲ့တဲ့ရာသီ တလျောက် ယူနိုက်တက် မှာ တည်ငြိမ်တဲ့ ခြေစွမ်းပိုင်ရှင် ခံစစ်မှူး Lindelof ဟာဆိုရင်
သံသယ ဝင်စရာ ဖြစ်လာပါပြီ
အရင်ပွဲတွေမှာ လည်း ပေးဂိုးတွေ Lindelof မှ တစ်ဆင့် ခွင့်ပြုခဲ့ရပြီး ခုပွဲမှာလည်း
တစ်ဖက်အသင်းရဲ့ ခံစစ်မှူး Vestergaard ရဲ့ ခေါင်းတိုက်ဂိုးကိုလည်း လွယ်လွယ်ကူကူ ခွင့်ပြုပေးခဲ့ရတာကလည်း တကယ်ကိုပေါ့လျော့လွန်းတဲ့ အနေအထားပါ အကယ်၍ Smalling သာ အဲ့နေရာမှာ ဆိုရင်တော့ ကာကွယ်ကောင်း ကာကွယ်နိုင်ပါလိမ့်မယ်

ခုအနေနဲ့ကတော့ Smalling ကိုလည်း Roma အသင်းကို အငှားချထားတဲ့အတွက်အသင်းရဲ့ ခံစစ်မှူးစာရင်းမှာလည်း Jones ရယ် Tuanzebe သာ ကျန်ရှိတာမို့
Lindelof အနေနဲ့ ဒီထက်ပိုပြီး ခံစစ်ကို တာဝန်ယူနိုင်ဖို့ လိုအပ်နေပါပြီ

ပရီးမီးယား လိဂ်မှာ လျှောတိုက်ဖျက်ထုတ်မှု အများဆုံး စာရင်းမှာ ထိပ်ဆုံးဖြစ်လို့ Bissaka အနေနဲ့က တော့ ကျေနပ်အားရစရာပါ

ရှေ့တန်း ❓❓

မာရှယ်တစ်ယောက် ဒဏ်ရာ ရရှိနေတဲ့ အချိန် မှာ ဆိုးရှား အနေနဲ့ တိုက်စ်မှူး Rashford ကိုသာ မဖြစ်မနေ အားကိုးရမယ့် အခြေအနေမျိုးမှာ
Rashford ကတော့ ဆိုးဝါးလှတဲ့ ကစားဟန်နဲ့ နံပါတ် 9 role မှာ
ပွဲထွက် ကစားခဲ့ပါတယ်
ပွဲ ကစားချိန် မိနစ် ၇၀ အကျော် မှာတော့ လူငယ်တိုက်စစ်မှူး Mason Greenwood ကို
ထည့်သွင်း အသုံးပြုခဲ့ပေမယ့် Southampton ရဲ့ ခံစစ်ကစားပုံအောက်ကနေ
ရုန်းထွက်နိုင်ခဲ့ခြင်း မရှိပါဘူး

တောင်ပံကစားသမားလေး Daniel James ကတော့
ပွဲကစားချိန် ၁၀မိနစ်မှာတင်
ကန်ချက်အပြင်းစားနဲ့United အတွက် ဦးဆောင်ဂိုးကို ရယူပေးနိုင်ခဲ့ပါတယ် ပိုပြီးထူးခြားတာကတော့ James အနေနဲ့ ပွဲဦးထွက်သုံးပွဲစလုံးမှာ
ပထမဆုံး ဂိုးပေါက်ကန်သွင်းမှုတွေကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းပါ
ဒီကနေ့ ပွဲမှာတော့ James ဟာ ဘယ်တောင်ပံ တိုက်စစ်မှာ ပိုပြီး အဆင်ပြေနေတာ သတိပြုရပါမယ်

တိုက်စစ်ပိုင်း ခြုံပြောရင် ဒီပုံစံ အတိုင်းဆိုရင်တော့ လာမယ့်ပွဲစဉ်တွေ တိုက်စစ်မှူး ရှားပါးနေတဲ့ United အတွက် တကယ်ကိုရင်လေးစရာပါ

ကွင်းလယ် 👎👎

ပွဲစဉ်ရဲ့ အဆိုးဝါးဆုံးကတော့ ဒီ ကွင်းလယ် အခြေအနေပါ
Pogba တယောက် ပဲ ကွင်းလယ် ဖန်တီးနိုင်မှု ရှိတဲ့ အခြေအနေမှာ ကွင်းလယ်တိုက်စစ်မဖြည့်ပေးတဲ့
Board အဖွဲ့ဟာလည်း တကယ်ကို စိတ်ပျက်စရာပါ
စီနီယာကစားသမား တွေ ဖြစ်တဲ့ Mata ဟာလည်း ဂိုးဖန်တီးမှုရရှိအောင် ဘာမှ မလုပ်ပေးနိုင်ခဲ့ပါဘူး
ယိုပေါက်ကြီးတစ်ခုလိုဖြစ်နေတဲ့ ကွင်းလယ်လယ်မှာ
Pogba ကို နေရာလွတ် ရအောင် Matic ကို ထည့်သွင်း အသုံးပြုခဲ့ပေမယ့် ဆိုးရှားဘာလို့ သူ့ကို ချန်လှပ်နေလဲ ဆိုတာ Matic က တော့ သက်သေပြလိုက်ပြီ ဖြစ်ပါတယ်

ခြုံပြောရရင် တစ်ယောက်လျော့ အနေအထားဖြစ်နေတဲ့ Southampton အသင်းကို
လျော့တိလျော့ရဲ ကစားသွားတဲ့ United အခြေအနေ ဟာ လိုအပ်ချက်တွေ ပြည့်နှက်နေပါတယ်
အဆုံးသတ်ပိုင်းမှာလည်း အလွန်အားနည်းနေပြီးတော့
January ဈေးကွက်မှာ လူမဖြည့်ဘူး ဆိုရင် Unitedရဲ့ ကွင်းလယ် ကတော့
ဒီပုံစံအတိုင်း ဆက်သွားနေဖို့များပါတယ်

[Manchester Evening News]

Leave a Reply

Your email address will not be published. Required fields are marked *