မန်ချက်စတာယူနိုက်တက်ဟာ အမှတ်တွေပိုမိုစုဆောင်းနိုင်ဖို့ ဘောလုံးကို ပိုမိုယုံကြည်မှုရှိရှိနဲ့ ထိန်းချုပ်ကစားဖို့ လိုအပ်တယ်လို့ နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားက ပြောကြား

မန်ချက်စတာယူနိုက်တက်ဟာ အမှတ်တွေပိုမိုစုဆောင်းနိုင်ဖို့ ဘောလုံးကို ပိုမိုယုံကြည်မှုရှိရှိနဲ့ ထိန်းချုပ်ကစားဖို့ လိုအပ်တယ်လို့ နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားက ပြောဆိုလိုက်ပါတယ်။
“အနိုင်ရဖို့ထိုက်တန်ခဲ့တဲ့ နောက်ထပ်ပွဲတစ်ပွဲပါပဲ။ ကျွန်တော်တို့ အခွင့်အရေးအများအပြား ဖန်တီးနိုင်ခဲ့ပြီးမှ အမှတ်တွေဆုံးရှုံးခဲ့ရတာပါ။ ကျွန်တော်တို့ဟာ ဘောလုံးဆုံးရှုံးမှုတွေများနေပြီး ဒီအပိုင်းမှာ တိုးတက်ဖို့အတွက် ဘောလုံးကိုယုံကြည်မှုရှိရှိ ထိန်းချုပ်ကစားနိုင်ဖို့ လိုအပ်နေပါတယ်။ ကျွန်တော်တို့ဟာ မန်ယူနိုက်တက်အသင်း ဖြစ်သည်နဲ့အမျှ ကစားပွဲကိုလည်း ထိန်းချုပ်ပြီးကစားဖို့ အလိုရှိကြပါတယ်။”

ဒါ့အပြင် သူက ဆောက်သမ်တန်အသင်း တစ်ယောက်လျော့သွားချိန်မှာ ပိုမိုအားစိုက်ကာ ကြိုးစားကစားခဲ့တဲ့ အသင်းဖော်တွေကိုလည်း ချီးကျူးလိုက်ပြီး အဆိုပါယုံကြည်မှုမျိုးနဲ့ ဆာလောင်မှုမျိုးကို ပွဲချိန်တွင်း ပိုမိုပြသဖို့ လိုအပ်ကြောင်းလည်း တောင်းဆိုလိုက်ပါတယ်။
“တစ်ဖက်အသင်း တစ်ယောက်လျော့ချိန်မှာ ကျွန်တော်တို့ကစားသမားတွေအားလုံးက ပိုမိုယုံကြည်မှုရှိလာပြီး အားလုံးဟာ ဘောလုံးကို လက်ခံချင်လာကြသလို အခွင့်အရေးတွေလည်း ဖန်တီးချင်လာကြပါတယ်။ အဆိုပါ ၁၅မိနစ်လောက်အချိန်တောအတွင်း ဂိုးတစ်ဂိုးရဖို့အတွက် လုံလောက်အောင်စွမ်းဆောင်နိုင်ခဲ့ကြပေမယ့် အဆုံးသတ်ပိုင်းကတော့ လိုအပ်ချက်တွေရှိခဲ့ပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ဟာ ဒီလိုမျိုး ဆာလောင်မှု အားကောင်းတဲ့ပုံစံနဲ့ တစ်ပွဲလုံးကစားခဲ့သင့်တာပါ။”

[ManUtd Official]

လာမယ့်အပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်တွေရပ်နားမှာဖြစ်ပြီး စက်တင်ဘာလ၁၄ရက်နေ့မှာတော့ လက်စတာစီးတီးအသင်းနဲ့ အိမ်ကွင်း အိုးထရပ်ဖို့ဒ်မှာ ယှဉ်ပြိုင်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *