ကာရာဘောင်းဖလား (လိဂ်ဖလား) တတိယ ပွဲစဉ်အတွက် မန်ချက်စတာ ယူနိုက်တက်အသင်း ကစားရမယ့် နေ့ရက်ကို သတ်မှတ်

ကာရာဘောင်းဖလား (လိဂ်ဖလား) တတိယ ပွဲစဉ်အတွက် မန်ချက်စတာ ယူနိုက်တက်အသင်း ကစားရမယ့် နေ့ရက်ကို သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အင်္ဂလန် လိဂ်ဝမ်းကလပ်အသင်း ရို့ခ်ျဒေးလ်ကို စက်တင်ဘာ ၂၅ ရက် (ဗုဒ္ဓဟူးနေ့)မှာ အိမ်ရှင်အဖြစ် ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ရို့ခ်ျဒေးလ်ဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် လိဂ်ဖလား တတိယ အဆင့်ထိ တက်လှမ်းလာခဲ့တဲ့ အသင်းငယ်လေးပါ။

ကလပ်အသင်း နှစ်ခု ထိပ်တိုက်တွေ့ဆုံမှုက တစ်ကြိမ်သာ ရှိဖူးပြီး ၁၉၈၆ ခုနှစ်၊ အက်ဖ်အေဖလား ပွဲစဉ်မှာ ယူနိုက်တက်က ၂-၀ နဲ့ အနိုင်ရခဲ့ဖူးပါတယ်။

ယူနိုက်တက်ဟာ လိဂ်ဖလား ပြိုင်ပွဲတွေမှာ ၅ ကြိမ်ထိ ဗိုလ်စွဲခဲ့ဖူးပါတယ်။

[ManUtd Official]

Leave a Reply

Your email address will not be published. Required fields are marked *